ဒီဇင်ဘာ ၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- ညောင်ရွှေမြို့နယ်တွင် ကယားပြည်နယ်မှ စစ်ဘေးရှောင် ၁၂၅၀၀ ကျော် ခိုလှုံနေကြရပြီး အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရ
- စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသည့် မြန်မာနိုင်ငံသားအချို့ ပတ်စ်ပို့ ရုပ်သိမ်းခံရဟုဆို
- ပွဲစားများနှင့်ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းအချို့က ဂျပန်ဗီဇာလျှောက်ထားရာတွင် ကိုယ်ရေးအချက်အလက် အတုများဖြင့် လျှောက်ထားခြင်းများရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ထုတ်ပြန်
- ရေးမြို့နယ်၊ မော့ကနင်အပြင်ကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်း ကွမ်ကျိုက်တံတားတွင် အိမ်စီးကားနှင့် ထော်လာ ဂျီယာဉ် တိုက်မိခဲ့ရာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
- တရုတ်၏ တိုက်လေယာဉ်များနှင့် သံသယဖြစ်ဖွယ်မိုးပျံပူဖောင်းတစ်လုံးသည် ထိုင်ဝမ်ရေလက်ကြားပေါ်တွင် ဖြတ်သန်းခဲ့ သည်ဟု ထိုင်ဝမ် ပြောကြား
- အရှေ့အာဖရိကတွင် အောက်တိုဘာလကတည်းက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်း မှုများ ဖြစ်ပွား
- စီရော်နယ်လ်ဒို ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပွဲ (၁၂၀၀) ပြည့်မြောက်