သီလဝါ ဆိပ်ကမ်း၌ ဆီတင်သင်္ဘော ခြောက်စင်းမှ ဓာတ်ဆီ ၂၄၃၁၉ တန်ကျော်နှင့် ဒီဇယ်ဆီ ၅၃၃၁၅ တန်ကျော် သိုလှောင်ကန် များသို့ ချယူနေ

သီလဝါ ဆိပ်ကမ်း၌ ဆီတင်သင်္ဘော ခြောက်စင်းမှ ဓာတ်ဆီ ၂၄၃၁၉ တန်ကျော်နှင့် ဒီဇယ်ဆီ ၅၃၃၁၅ တန်ကျော် သိုလှောင်ကန် များသို့ ချယူနေ
Published 11 December 2023

သီလဝါဆိပ်ကမ်းမှာ ဆီတင်သင်္ဘောခြောက်စင်းက ဓာတ်ဆီ ၂၄၃၁၉ တန်ကျော်နဲ့ ဒီဇယ်ဆီ ၅၃၃၁၅ တန်ကျော်ကို သက်ဆိုင်ရာ သိုလှောင်ကန်တွေကို ချယူနေပြီဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူးဦးသန်းဇော်က ပြောပါတယ်။