အမေရိကန်ထံမှ နောက်ထပ်အကူအညီများရရှိရေးအတွက် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီး ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန်သမ္မတနှင့် ဝါရှင်တန်တွင် တွေ့ဆုံမည်
ဝါရှင်တန်အကူအညီများ သီတင်းပတ် အနည်းငယ်အတွင်း ကုန်တော့မည်ဟူသော သတိပေးမှုများထွက်ပေါ်နေချိန် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးသည် သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံရန်လည်းကောင်း၊ ရီပတ်ဘလီကင်အမတ်များ၏ ရှေ့မှောက်တွင် အကူအညီပေးရေးအတွက် မေတ္တာရပ်ခံရန်လည်းကောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ဝါရှင်တန်ကို သွားမည်ဟု သိရသည်။