ဒီဇင်ဘာ ၁၇ ရက် ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိ ပို့ကုန်အများဆုံးတင်ပို့သည့် ၁၀ နိုင်ငံစာရင်း၌ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်တို့ အစဉ်လိုက်ရပ်တည်
■ တွန်းဇံမြို့နယ် အထကကျောင်းပိတ်ပေးရန် ကျောင်းအုပ်ဆရာကြီးထံ ကျည်ဆန်တစ်တောင့်နှင့်အတူ ခြိမ်းခြောက်စာ ပေးပို့ခံရ
■ မကွေးတိုင်းဒေသကြီးအတွင်း မြေနုကျွန်းနှင့်ချောင်းများတွင် ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းများ စတင်လျက်ရှိပြီး ယခင်နှစ်များထက် ကြက်သွန်နီစိုက်ပျိုးသူ ပိုမိုများပြား
■ သမ္မတရွေးကောက်ပွဲအား ကြားဝင်စွက်ဖက်မည့်သူများကို ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောကြား
■ တရုတ်ကိုတန်ပြန်ရန် ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် မည်
■ ကစားပုံကောင်းသော်လည်း နိုင်ပွဲမရသဖြင့် ဂွာဒီယိုလာ ညည်းတွား