သံဖြူဇရပ်မြို့ရှိ ကမ္ဘောဇဘဏ်မှ ရေးမြို့ရှိ ကမ္ဘောဇဘဏ်သို့ ပို့ဆောင်မည့် ငွေကျပ်သိန်း (၆၀၀၀) လမ်းတွင် လုယက်ခံရ
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၄) ရက်က သံဖြူဇရပ်မြို့ ကမ္ဘောဇဘဏ်ကနေ ရေးမြို့ ကမ္ဘောဇဘဏ်ကို ပို့ဆောင်မယ့် ငွေ ကျပ် သိန်း (၆၀၀၀) ဟာ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာအနီး၊ သံဖြူဇရပ် - ရေးကားလမ်းမှာ လုယက်ခံလိုက်ရကြောင်း သံဖြူဇရပ် မြို့ ကမ္ဘောဇဘဏ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။