တရုတ်ကိုတန်ပြန်ရန် ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်
ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ပင်လယ်ရေကြောင်းသွားလာမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်မှာ စတင်ခဲ့တဲ့ ဂျပန် - အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ကြေညာချက်မူကြမ်းကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။