တရုတ် - အမေရိကန် ဆက်ဆံရေးသည် ရွေးချယ်စရာမဟုတ်ဘဲ အရေးတကြီးလုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီး ပြောကြား
တရုတ် - အမေရိကန်ဆက်ဆံရေးအတွက် အရေးအကြီးဆုံးကိစ္စရပ်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ မှန်မှန် ကန်ကန်နားလည်မှုတို့ကို တည်ဆောက်ဖို့ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၅ ရက်မှာ ပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ ရွေးချယ်စရာမဟုတ်ဘဲ အရေးတကြီးလုပ်ဆောင်ရမယ့်အရာပဲဖြစ်တယ်လို့ ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။