ဧရာဝတီတိုင်းအတွင်း အခြေခံပညာကျောင်း အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူရာတွင် လျှောက်ထားသူ မရှိသည့် ကျောင်းများစွာရှိနေပြီး ဘက်ဂျက် ပြန်လည်အပ်နှံ ရမှုများ ရှိနေဟု ဆို
ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းဆောင်အသစ်များ တိုးချဲ့ဆောက်လုပ်ခြင်းနဲ့ အန္တရာယ်ရှိ ကျောင်းဆောင်တွေ ဖျက်သိမ်းအသစ်ဆောက်လုပ်ဖို့ တင်ဒါများခေါ်ယူရာမှာ တင်ဒါလျှောက်ထားသူ မရှိတဲ့ ကျောင်းများစွာ ကျန်ရှိနေပြီး ဘက်ဂျက်ပြန်လည်အပ်နှံရမှုတွေပါ ရှိနေတယ်လို့ တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။