နယ်စပ်ကုန်သွယ်လမ်းကြောင်းအခက်အခဲကြောင့် မြဝတီနယ်စပ်စခန်းမှ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက် အထိကုန်သွယ်မှု အရင်နှစ်ကာလတူထက် ဒေါ်လာ ၅၈၈ ဒသမ ၇၁၅ သန်းလျော့ကျ
ပြည်တွင်းမငြိမ်သက်မှု၊ နယ်စပ်ကုန်သွယ်လမ်းကြောင်း အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးဖြစ် တဲ့ မြဝတီနယ်စပ်စခန်းကနေ အခုဘဏ္ဍာနှစ်သစ် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၀၀၆ ဒသမ ၁၀၇ သန်း ကုန်သွယ်နိုင်ခဲ့ပေမယ့်လည်း အရင်ဘဏ္ဍာနှစ် ကာလတူကထက် အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၇၁၅ သန်း လျော့ကျခဲ့တယ်လို့ စီးပွား/ကူးသန်းဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။