တောင်တရုတ်ပင်လယ် တင်းမာမှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် တရုတ်နှင့် ဖိလစ်ပိုင် သဘောတူ
အပြင်းအထန် အငြင်းပွားနေတဲ့ Second Thomas သောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်ဒေသမှာ ပင်လယ်ရေ ကြောင်းဆိုင်ရာ အရေးပေါ်ကိစ္စရပ်တွေကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်ကြောင်း တရုတ်နဲ့ ဖိလစ်ပိုင်တို့ သဘောတူညီခဲ့တယ်လို့ တရုတ်က ပြောကြားခဲ့ပါတယ်။