PNLO အနေဖြင့် နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းအားဖြင့် NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော်ဆောင်ပါရန် NSPNC တိုက်တွန်း
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့အနေနဲ့ နိုင်ငံရေးလိုလားချက်တွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းအားဖြင့် NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစိုးရနဲ့အတူ ဆက် လက် လက်တွဲဖော်ဆောင်ဖို့ ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။