သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်၊ ပြည်သူ့စစ်အဖွဲ့နှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် လုပ်သား သုံးဦး ပြန်လည်လွတ်မြောက်
ပြီးခဲ့သည့် ဇန်နဝါရီ (၂၉) ရက်က သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်၊ ပြည်သူ့စစ်အဖွဲ့နှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် ခြံလုပ်သား သုံးဦးမှာ ဇန်နဝါရီ ၃၀ ရက်ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်ပြီး ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။