ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုအပေါ် ထိန်းညှိနိုင်ရန် ဆန်ပြည်ပတင်ပို့မှုကို လျှော့ချကာ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦးစားပေး တင်ပို့ရန် စီစဉ်
ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုအပေါ် ထိန်းညှိနိုင်ဖို့ ဆန်ပြည်ပတင်ပို့မှုကို လျှော့ချကာ ဆန်ကွဲနဲ့ ပေါင်းဆန်ကိုသာ ဦးစားပေးတင်ပို့ဖို့ စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်တဲ့ သတင်းပြန်ကြားထုတ်ပြန်မှုအစီအစဉ်(၁/၂၀၂၄) မှာ ပြောကြားခဲ့ပါတယ်။