ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကသိမ်းပိုက်ထားသည့်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး သေဆုံး
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ လိုင်ဆစ်ချန့်စ်မြို့မှာရှိတဲ့ ပေါင်မုန့်ဆိုင်တစ်ဆိုင်မှာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် လူ ၂၈ ဦးသေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးသမားတွေက ဖေဖော်ဝါရီ ၄ ရက်မှာပြောကြားခဲ့ပါတယ်။