ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးအတွက်နိုင်ငံတကာဖိအားပေးမှုများကို အစ္စရေး ပိုမိုရင်ဆိုင်လာရ
အစ္စရေးက ပါလက်စတိုင်းပြည်သူ တစ်သန်းကျော်ပိတ်မိနေသော ဂါဇာတောင်ပိုင်း မြို့ရာဖာကို ထိုးစစ်ဆင်ရန်ပြင်ဆင်လျက်ရှိစဉ် ဟားမာ့စ်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရန် အစ္စရေးသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် နိုင်ငံတကာ ဖိအားပေးမှုများကို ပိုမိုရင်ဆိုင်လာရသည်။