အက်ဖ်-၃၅ တိုက်လေယာဉ်၏ ပစ္စည်းအစိတ်အပိုင်းများကို အစ္စရေးသို့တင်ပို့နေခြင်းအား နယ်သာလန်က ရပ်ဆိုင်းရမည်ဟု တရားရုံး ဆုံးဖြတ်
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ရာတွင် ပါဝင်ပတ်သက်နေ လိမ့်မည်ဟူသောရှင်းလင်းမြင်သာသည့် အန္တရာယ် ရှိနေသည်ဟု နယ်သာလန်တရားရုံးတစ်ရုံးက ဖေဖော်ဝါရီ ၁၂ ရက်တွင်ဆုံး ဖြတ် လိုက်ပြီးနောက် နယ်သာလန်သည် ဂါဇာတွင် အစ္စရေးအသုံးပြုနေသော အက်ဖ်-၃၅ဂျက် တိုက်လေယာဉ်များအတွက် ပစ္စည်းအစိတ်အပိုင်းများ ပေးပို့နေခြင်းကို ရပ်ဆိုင်းရမည်ဟု ဆိုသည်။