နယူးဒေလီအထိ ချီတက်ဆန္ဒပြမည့် တောင်သူများကို အိန္ဒိယရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်(ရုပ်သံ)

နယူးဒေလီအထိ ချီတက်ဆန္ဒပြမည့် တောင်သူများကို အိန္ဒိယရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်(ရုပ်သံ)
Published 14 February 2024

ကောက်ပဲသီးနှံတွေကို အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးရေး အပါအဝင် အခြားတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယ တောင်သူတွေနဲ့ အစိုးရအကြား ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ပြီးနောက် မြို့တော်နယူးဒေလီအထိ ချီတက်ဆန္ဒပြမယ့် ထောင်နဲ့ ချီတဲ့ တောင်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ပစ်ခတ်ကာ တားဆီးခဲ့ပါတယ်။