ညောင်ရွှေမြို့တွင် သမိုင်းဝင် ရွှေတောင်ဦးဓမ္မစေတီအား ပြန်လည်တည်ထားကိုးကွယ်နိုင်ရန် တူးဖော်ခဲ့ရာ ဆင်းတုတော် အဆူ ၄၀၀ ကျော် ပေါ်ထွက်လာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ သမိုင်းဝင် ရွှေတောင်ဦးဓမ္မစေတီကို ပြန်လည်တည်ထားကိုးကွယ်နိုင်ဖို့ တူးဖော်မှုတွေဆောင်ရွက်ခဲ့ရာ ဆင်းတုတော်အဆူ(၄၀၀)ကျော် ထွက်ပေါ်လာခဲ့တယ်လို့ စေတီတော်ဂေါပကအဖွဲ့ထံမှ သတင်းရရှိပါတယ်။