ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား ချမှတ်ထားသည့် ပြစ်ဒဏ်သုံးခုအတွက် ၎င်း၏ရှေ့နေအဖွဲ့က အယူခံတင်သွင်း
ထောင်ဒဏ်ကျခံနေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ဟာ မကြာသေးမီက အငြင်းပွားဖွယ် အမှုအခင်းသုံးခုနဲ့ပတ်သက်ပြီး ၎င်းကိုချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ထောင်ဒဏ်တွေအတွက် ဖေဖော်ဝါရီ ၁၆ ရက်က အယူခံဝင်ခဲ့ကြာင်း ၎င်းရဲ့ ရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။