ယူကရိန်းတွင် မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တစ်စင်း၏ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြောင်း ပဋိပက္ခ လက်နက်တပ်ဆင်မှု သုတေသနအဖွဲ့ (CAR) ထုတ်ပြန်
ယူကရိန်းနိုင်ငံတွင် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တစ်စင်း၏ အစိတ်အပိုင်းများ ကို တွေ့ရှိခဲ့ပြီး ထိုအစိတ်အပိုင်းများအနက် အမေရိကန်နှင့် ဥရောပတွင် အခြေစိုက်သည့် ကုမ္ပဏီများ၏ အမှတ်တံဆိပ်များပါရှိသည့် အစိတ်အပိုင်းများပါဝင်ခဲ့ကြောင်း ပဋိပက္ခ လက်နက်တပ်ဆင်မှု သုတေသနအဖွဲ့ (CAR) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။