ထိုင်းဘက်သို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Bodder pass ဖြင့် ယခင်က သုံးမြို့နယ်အတွင်း သွားလာခွင့်ရှိသော်လည်း ယခုအခါ မဲဆောက်တစ်မြို့တည်းသာ ခွင့်ပြု
နယ်စပ်မြဝတီမြို့ကနေတဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Bodder pass နဲ့ အရင်က မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမက်သုံးမြို့နယ်အတွင်း ၆ ညအိပ် ၇ ရက် သွားရောက်နေထိုင်လည်ပတ်ခွင့်ရှိပေမယ့် အခု ဖေဖော် ဝါရီ ၂၃ ရက်နေ့ကစတင်ကာ မဲဆောက်တစ်မြို့တည်းမှာသာ သွားလာခွင့်ရှိတယ်လို့ သိရပါတယ်။