တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင် စွပ်စွဲ
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ငါးဖမ်းသမားတွေအတွက် လောင်စာတွေထောက်ပံ့တဲ့ ဖိလစ်ပိုင်အစိုးရရဲ့ ထောက်ပို့ သင်္ဘောတစ်စင်းကို ပိတ်ဆို့ဟန့်တားဖို့ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင်က ဖေဖော်ဝါရီ ၂၅ ရက်မှာစွပ်စွဲခဲ့ပြီး ဒါဟာ သီတင်းနှစ်ပတ် အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျောက်တန်းတစ်ခုအနီးမှာ ဒုတိယမြောက်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။