မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ယာယီမြေသားဖို့ ပြုပြင်ပြီးနောက် မော်တော် ယာဉ်များအားပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့
ဖေဖော်ဝါရီလ (၂၈) ရက် နံနက် (၃) နာရီခွဲခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ မိုးကောင်းတံတားကို ယာယီမြေသားဖို့ ပြုပြင်ပြီးနောက် ည (၆) နာရီခွဲခန့်ကနေစတင်ကာ မော် တော်ယာဉ်တွေကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။