ဂါဇာကမ်းမြောင်ရှိ ပြည်သူလေးပုံတစ်ပုံသည် အငတ်ဘေးဆိုက်ရန် နီးစပ်နေပြီဟု ကုလသမဂ္ဂတာဝန်ရှိသူက လုံခြုံရေးကောင်စီကို ပြောကြား
ဂါဇာပြည်သူလေးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ ၅၇၆,ဝဝဝ ဟာ အငတ်ဘေးဆိုက်ဖို့ဘာမှမလိုတော့ဘူးလို့ လူသားချင်းစာနာမှု ရေးရာညှိနှိုင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂရုံးရဲ့ ညှိနှိုင်းဆောင်ရွက်ရေးဒါရိုက်တာ ရာမက်ရာဂျာဆင်ဂမ်က ဖေဖော်ဝါရီ ၂၇ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောကြားခဲ့ပြီး အရေးတယူဆောင်ရွက်ပေးခြင်းမပြုပါက ကျယ်ပြန့်တဲ့ အငတ်ဘေး ကျရောက်မှုဟာ မလွဲမရှောင်သာ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။