အစ္စရေးသည် ပါလက်စတိုင်းများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြောင်း အာဖရိကသမဂ္ဂ စွပ်စွဲ(ရုပ်သံ)
အစ္စရေးဟာ ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကြောင်း အာဖရိကသမဂ္ဂ (AU) အကြီးအကဲ မူဆာဖာကီမာဟာမတ်က မတ် ၂ ရက်ကစွပ်စွဲခဲ့ပြီး ဂါဇာဒေသမှာ အကူအညီပေးရေးယာဉ်တန်းတွေရောက်ရှိခဲ့ပြီးနောက် လူ ပေါင်းဒါဇင်ချီ သေဆုံးခဲ့မှုကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။