ရာမာဒန်ဥပုသ်လတွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ဟားမာ့စ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တိုက်တွန်း

ရာမာဒန်ဥပုသ်လတွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ဟားမာ့စ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တိုက်တွန်း
Published 8 March 2024

အပစ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးတို့အတွက် ဆွေးနွေးမှုတွေဟာ အကန့်အသတ်မရှိဘဲ လုပ်လို့မရနိုင်ဘူးလို့ ဟားမာ့စ်က သတိပေးပြောကြားချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မွတ်စလင်ဥပုသ်လဖြစ်တဲ့ ရာမာဒန်မှာ ဂါဇာအပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံဖို့ မတ် ၅ ရက်မှာ ဟားမာ့စ်တို့ကို တိုက်တွန်းလိုက်ပါတယ်။