တိုက်ပွဲအတွင်းပိတ်မိနေသဖြင့် နေရာရွှေ့ပြောင်း ပေးခဲ့သည်ဆိုကာ ခေါ်ဆောင်သွားသော လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ကထိကငါးဦးကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထောင်ဒဏ်နှစ်နှစ် ချမှတ်
တိုက်ပွဲအတွင်းပိတ်မိနေတာကြောင့် နေရာရွှေ့ပြောင်းပေးခဲ့တယ်ဆိုကာ ခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ကထိကငါးဦးကို မတ်လ ၆ ရက်မှာ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ကိုးသိန်းချမှတ်ခဲ့တယ်လို့ သိရပါတယ်။