လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့မော်တော်ယာဉ် KIA အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုခံရပြီး ဦးရွှေမင်းအပါအဝင် သုံးဦးသေဆုံး
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ ခါရှိကျေးရွာအနီးမှာ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ မော်တော်ယာဉ်ဟာ KIA အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်တာခံခဲ့ရပြီး ဦးရွှေမင်းအပါအဝင် သုံးဦးသေဆုံးသွားကြောင်း မိသားစုနှင့် နီစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။