တရုတ်၏ အထင်ကရနိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်မည်ဟု တရုတ်ခေါင်းဆောင်များ ကတိပြု
သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ အထင်ကရနိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲဟာ မတ်လ ၁၁ ရက်က ပြီးဆုံးခဲ့ပြီဖြစ်ကာ အရှိန်အဟုန်နှေးကွေးနေတဲ့ နိုင်ငံ့စီးပွားရေးကို အားသစ်ပြန်လောင်းဖို့ လိုအပ်ကြောင်း ၎င်းတို့က ဝန်ခံ ပြောကြားခဲ့ပါတယ်။