အရည်အသွေးမပြည့်မီ၍ တည်ဆောက်ရေးလုပ်ငန်းများရပ်နားထားရသည့် ညောင်တုန်းဆေးရုံကြီးသုံးထပ်တိုးချဲ့ဆောင်အား ဖြို ဖျက်ပြီး အသစ်ပြန်ဆောက်ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်
စတင်တည်ဆောက်စဉ်ကတည်းက အရည်အသွေးမပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် တည်ဆောက်ရေး လုပ် ငန်းတွေ ရပ်နားထားရတဲ့ ညောင်တုန်းမြို့နယ် ကုတင်တစ်ရာဆံ့ဆေးရုံကြီးသုံးထပ်တိုးချဲ့ဆောင် အဆောက်အဦကို ဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။