သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှ ရွှေဈေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်ရွှေအသင်းထုတ်ပြန်
ကောလာဟလအခြေအမြစ်မရှိ သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပဈေးကွက်ရောင်းဝယ်သူများမှ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိနေကြောင်း၊ သတင်းအဖြစ်အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။