မန်းရွှေစက်တော် ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်လေ့ရှိသည့်ဓလေ့ကို ထိန်းသိမ်းထားသော မင်းလှကျင်း ကျေးရွာမှ ဒေသခံများ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်မည်
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ဘုရားဖူး သွားရောက်လေ့ရှိသည့်ဓလေ့ကို ထိန်းသိမ်းထားသော မင်းဘူးမြို့နယ် မင်းလှကျင်းကျေးရွာမှ ဒေသခံများသည် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ရွာလုံးကျွတ် နွားလှည်းများဖြင့် ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။