အစ္စရေးသည် ဂါဇာတွင် အစာရေစာငတ်မွတ်မှုကို စစ်ပွဲ၏ လက်နက်အဖြစ် အသုံးပြုဖွယ်ရှိနေသည်ဟု ကုလပြောကြား
စစ်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ဂါဇာကို အစ္စရေးက စစ်ဆင်ရေးလုပ်နေတာနဲ့အတူ ဂါဇာကို စားနပ်ရိက္ခာ အကူအညီပေးပို့တာတွေကို အစ္စရေးရဲ့ ပြင်းပြင်းထန်ထန်ကန့်သတ်မှုတွေက အစာရေစာငတ်ပြတ်မှုကို စစ်ပွဲရဲ့လက်နက် အဖြစ် အသုံးပြုတဲ့သဘော သက်ရောက်နေနိုင်ပြီး ဒါဟာ စစ်ရာဇဝတ်မှုဖြစ်လာလိမ့်မယ်လို့ မတ်လ ၁၉ ရက်မှာ ကုလသမဂက ပြော ကြားခဲ့ပါတယ်။