ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရမှ နေအိမ် ၃၀၀ ကျော် မီးလောင်ကျွမ်းပျက်စီး
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာတွင် မတ် ၂၇ ရက် ညနေ ၄ နာရီအချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ နေအိမ် ၃၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး မတ် ၂၈ ရက်နံနက်ပိုင်းအချိန်အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။