'' ကျွန်တော့် ဇနီးနဲ့ စုံတွဲလေး ဆိုနိုင်ဖို့ကြိုးစားနေပါတယ်။သူ့ဘက်က ကိစ္စတစ်ခုလုပ်လို့ မှားတာမျိုးရှိရင် ကျွန်တော့်ဘက်က ထိန်းကွပ်ပေးတဲ့ပုံစံမျိုး သီချင်းလေးထွက်ဖို့ ကြိုးစားနေပါတယ်။ အပြင်မှာလည်း သူမှားကိုယ်ထိန်း ကိုယ်မှားရင် သူထိန်းပုံစံမျိုးနဲ့ လည်ပတ်နေတာပါ... " " တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်လည်း ပုံမှန်အနေအထားလေးတစ်ခုနဲ့ ပိုက်ဆံမရှိရင်တောင်မှ ပျော်ရွှင်တဲ့ဘဝတစ်ခုကို နေနိုင်ရမယ်လို့ အမြဲတမ်းစိတ်ကူးရှိပါတယ်။ အဲဒါနဲ့ပဲ ကျွန်တာ်အားတင်းပြီး၊ ပြန်လည်တည့်မတ်ပြီးတော့ လျှောက်လမ်းနေတာပါ " ဆိုတဲ့ မသန်စွမ်းကလေးငယ်များရဲ့ ပန်းချီနဲ့ လက်မှုအနုပညာပြပွဲတက်ရောက်လာတဲ့ အောင်ကိုကို ...။ မသန်စွမ်းကလေးငယ်များရဲ့ ပန်းချီနဲ့ လက်မှုအနုပညာပြပွဲကို အနော်ရထာပန်းချီပြခန်းမှာ မတ် ၃၀ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။