ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ၎င်းတို့ဟာ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်မက်ဖြစ်ပွား နေတဲ့ ဆူဒန်နိုင်ငံ၊ ဒါဖာဒေသတွင်းကို အလွန်အမင်းလိုအပ်နေတဲ့ ထောက်ပံ့ပစ္စည်းတွေကို ယူဆောင်လာခဲ့ပေမယ့်လည်း အဲဒီ နေရာမှာရှိတဲ့ ဆာလောင်ငတ်မွတ်မှုအခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဧပြီ ၅ ရက်မှာ သတိပေးပြောကြားခဲ့ပါတယ်။