■ ဧပြီ ၁၁ ရက်မနက်ပိုင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)
■ မြဝတီမြို့ ၂၇၅ ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားသေဆုံးခြင်းနှင့် နေအိမ်မီးလောင်ခြင်းများရှိနေကာ မြဝတီဒေသခံအချို့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ စစ်ဘေးရှောင်ရန် ထွက်ခွာနေ
■ သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ရထားလမ်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ကျောက်တင်ကုန်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး မီးရထားစက်ခေါင်းနှင့် ကုန်တွဲ လမ်းချော်တိမ်းမှောက်
■ ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
■ တော်ဝင်မိသားစုအား ဝေဖန်စော်ကားမှုနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏အမှုကို ဆုံးဖြတ်ချက်ချမှတ်ရန် အစိုးရရှေ့နေချုပ်က ရက်ရွေ့ဆိုင်း
■ ၂၀၂၄ ခုနှစ် မတ်လသည် ၁၀ လ ဆက်တိုက် စံချိန်တင်ပူပြင်းသောလဖြစ်သည်ဟု ဥရောပရာသီဥတု စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်