ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု တရုတ် ပြောကြား
တရုတ်အနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်နိုင်ငံသည် မှန်ကန်၍ တရားမျှတသည့်ဘက်တွင် ရပ်တည်ရမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။