ဂျပန်ရေတပ်မှ ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပစိဖိတ်သမုဒ္ဒရာထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေ
ဂျပန်ရေတပ်မှ ရဟတ်ယာဉ်နှစ်စင်းသည် ညအချိန် လေ့ကျင့်ပျံသန်းစဉ်အတွင်း တိုကျိုမြို့တောင်ဘက်၌ ပစိဖိတ်သမုဒ္ဒရာထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းရဟတ်ယာဉ်နှစ်စင်းသည် အချင်းချင်းဝင်တိုက်ခဲ့ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။