လူ ၁၀၇ ဦး သေဆုံးခဲ့သည့် ရေဘေးသင့်ဘရာဇီးတောင်ပိုင်းတွင် ရက်ပိုင်းအတွင်းမိုးများလာမည်ဟု ခန့်မှန်းထားသောကြောင့် လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်ရေးကို အမြန်ဆုံးလုပ်ဆောင်နေ (ရုပ်သံ)
ဘရာဇီးတောင်ပိုင်းကို ထိခိုက်စေမယ်လို့ ခန့်မှန်းထားတဲ့ မိုးကြီးလေကြီးဖြစ်မယ့် မိုးလေဝသအခြေအနေတို့ ဖြစ်ပေါ်မလာမီ အဲဒီဒေသမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေထံ အကူအညီတွေအမြန်ရောက်ရှိရေးအတွက် ကယ်ဆယ်ရေး အဖွဲ့ တွေက မေ ၉ ရက်မှာ အချိန်လုဆောင်ရွက်နေတယ်လို့ သိရပါတယ်။