တောင်ကိုရီးယားတွင် ဆရာဝန်များက အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် ပြည်ပမှဆရာဝန်များကို အလုပ်လုပ်ခွင့်ပြုမည်ဟု တောင် ကိုရီးယားဝန်ကြီးချုပ် ပြောကြား (ရုပ်သံ)
တောင်ကိုရီးယားမှာ အစိုးရရဲ့ ဆေးဘက်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့်ကျင်တဲ့ ဆရာဝန်တွေဟာ အလုပ်မဆင်းဘဲ ဆန္ဒပြနေတာကြောင့် ပြည်ပက ဆရာဝန်တွေကို တောင်ကိုရီးယားမှာရှိတဲ့ ဆေးရုံတွေမှာ အလုပ်လုပ်ခွင့် ပြု သွားမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ်ဟန်ဒွတ်ဆူးက မေ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။