မေလ ဒုတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်
မေလဒုတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနသာၤရီ၊ ကချင်၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာခြောက်ရက်ကနေ ကိုးရက်ခန့်အထိ မိုးထစ်ချုန်းရွာ နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။