မေလ ၂၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု )
■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာသို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသော် လည်း မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ၄၅ မိုင် အထိ တိုက်ခတ်နိုင်
■ သုဝဏ္ဏဝတီမြို့တွင် ကားနှင့် ဆိုင်ကယ်တိုက်မိရာ နှစ်နှစ်အရွယ် ကလေးသေဆုံးပြီး မိခင်နှင့် သမီးငယ်တစ်ဦး ပြင်းထန် ဒဏ်ရာရ
■ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံး
■ အစိုးရဝန်ကြီးခန့်အပ်မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထာဝီဆင်းအား ရာထူးမှ ဖယ်ရှားရန် အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားလွှာကို ထိုင်းဖွဲ့စည်းပုံခုံရုံး လက်ခံ
■ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကြည့်ရှုရန် ကလော့ပ်ကို ဒေါ့မွန် ဖိတ်ကြား