■ EV ကားတင်သွင်းခွင့်ပါမစ်တွေကို ပြန်လည်ရောင်းချမှုတွေ ရှိနေသလား ...

■ EV ကားတင်သွင်းခွင့်ပါမစ်တွေကို ပြန်လည်ရောင်းချမှုတွေ ရှိနေသလား ...
Published 24 May 2024

"(EV ကားတင်သွင်းခွင့်ပါမစ်တွေကို မော်တော်ယာဉ်မတင်သွင်းဘဲ ပါမစ် ပြန်လည်ရောင်းချမှုတွေ ရှိနေတယ်ဆိုတာကို) ဆရာတို့လည်း ကြားတော့ ကြားတယ်။ကြားတဲ့အပေါ်မှာ သက်သေ၊သာဓကနဲ့ အထောက်အထားနဲ့တော့ ဆရာတို့အသင်းအနေနဲ့ရော ဆရာ့အနေနဲ့ရော ဘာမှမရှိဘူး။ ဒါပေမဲ့ ရောင်းတယ်ဆိုတာကိုတော့ အခုဖြစ်စဉ်မှ မဟုတ်ဘူး။ICE ကားတွေကို Showroom မှာ အရောင်းစင်တာ ဖွင့်တုန်းကလည်း တကယ်တမ်း Showroom တောင် မရှိဘဲနဲ့ ပါမစ်လျှောက်ပြီး ရောင်းစားသွားတဲ့ဖြစ်စဉ်တွေရှိတဲ့အတွက် ဒါကြီးကို မဟုတ်ပါဘူးလို့ ငြင်းစရာမရှိဘူးလို့ ပြောချင်တယ်။" "ဒီလိုမျိုးဖြစ်စဉ်တွေက လုံးဝမရှိသင့်ဘူး။ EV ကား ဆိုတာ မြန်မာပြည်အတွက် အခက်အခဲကြားထဲက Pilot Project လုပ်ထားတဲ့ Plan တစ်ခုဖြစ်တယ်။ Tax Rate အနေနဲ့လည်း Zero Rate နဲ့ ပေးထားတယ်။ ဒီလိုမျိုးဟာမျိုးက အများအကျိုးရှိဖို့၊ အသုံးပြုဖို့ မဟုတ်ဘဲ ကိုယ်ကျိုးအတွက် ရောင်းစားတယ်ဆိုတာ မဖြစ်သင့်အတွက်မို့လို့ ကားလောကအပေါ် ကောင်းတဲ့သက်ရောက်မှု မရှိဘူး။ မကောင်းတဲ့ဘက်က သက်ရောက်မှုရှိမယ်လို့ မြင်တယ်။"

■ ဦးကျော်စွာထွန်းမြင့်(အတွင်းရေးမှူး) မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း

Most Viewed

Most Recent