မြန်မာကောင်းကင်ယံတွင် ပြင်းထန်လေထုမငြိမ်သက်မှုနှင့် ကြုံတွေ့ခဲ့ရသော စင်ကာပူလေကြောင်းလိုင်းလေယာဉ်မှ လူ ၆၀ ဘန်ကောက်တွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး လူနာ ၂၀ ကို ကြပ်မတ်ကုသပေးနေရ
ပြင်းထန်လေထုမတည်ငြိမ်မှုကြောင့် အမြင့်ကနေပြုတ်ကျခဲ့တဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ လိုက်ပါ လာတဲ့ ခရီးသည်တွေအနက် စင်ကာပူနိုင်ငံသားငါးဦးအပါအဝင် လူ ၆၀ နီးပါးဟာ ဘန်ကောက်မှာရှိတဲ့ဆေးရုံသုံးရုံမှာ ဆေးဝါးကု သမှုခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။