ရုရှားထံမှ သိမ်းယူထားသောပိုင်ဆိုင်ပစ္စည်းများမှ ရလာမည့်ငွေများဖြင့် ယူကရိန်းကို ငွေကြေးထောက်ပံ့မည့်ကိစ္စအား G – 7 ဆွေး နွေးမည်
G – 7 ဘဏ္ဍာရေးဝန်ကြီးတွေဟာ သုံးရက်ကြာအစည်းအဝေးအတွက် မေ ၂၃ ရက်မှာ အီတလီနိုင်ငံကိုရောက်ရှိနေကြ ပြီး အဆိုပါအစည်းအဝေးမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေမှာ ယူကရိန်းကို ကူညီရေးအတွက် ရုရှားပိုင်ဆိုင်ပစ္စည်း တွေကို အသုံးပြုရေး၊ ရုရှားကို ပိတ်ဆို့မှုအသစ်တွေချမှတ်ရေး၊ တရုတ်ကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။