သမ္မတဟောင်းဒေါ်နယ်ထရန့်က ၎င်း၏သမ္မတသက်တမ်းအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့လျှင် သို့မဟုတ် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့မည်ဆိုလျှင် မော်စကိုနှင့် ပေကျင်းတို့ကို ဗုံးကြဲခဲ့လိမ့်မည်ဟု ပြောကြား
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်းရဲ့ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်ရေးကိစ္စတွေအတွက် အလှူရှင်တွေနဲ့ တွေ့ဆုံ ရာမှာ ၎င်းရဲ့သမ္မတသက်တမ်းအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့လျှင်သော်လည်းကောင်း၊ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့မယ် ဆိုလျှင်သော်လည်းကောင်း မော်စကိုနဲ့ပေကျင်းတို့ကို ဗုံးကြဲခဲ့လိမ့်မယ်လို့ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။