မိုးပျံပူဖောင်းများ လွှတ်တင်မှုအတွက် မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက်ကို အလုံးစုံရပ်ဆိုင်းမည်ဟု တောင်ကိုရီးယား ပြောကြား
နှစ်နိုင်ငံတင်းမာမှုများကိုလျှော့ချရန်အတွက် ၂၀၁၈ ခုနှစ်က မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် စစ်ရေး သဘောတူညီချက်ကို အပြည့်အဝရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။