မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြဝတီ - ဝေါလေမြိုင်သွားကားလမ်းရှိ မယ်ထော်သလေးရွာအဝင်တံတား ကျိုးကျသွားပြီး ယာဉ်အသွားအလာ ပြတ်တောက်

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြဝတီ - ဝေါလေမြိုင်သွားကားလမ်းရှိ မယ်ထော်သလေးရွာအဝင်တံတား ကျိုးကျသွားပြီး ယာဉ်အသွားအလာ ပြတ်တောက်
Published 10 June 2024

ဇွန် ၈ ရက်ညမှာ တစ်ညလုံးမိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားတာကြောင့် မြဝတီ - ဝေါလေမြိုင်သွားလမ်းပေါ်မှာ ရှိတဲ့ မယ်ထော်သလေးရွာအဝင်တံတား ကျိုးကျသွားကာ ဒေသတွင်းခရီးသွားယာဉ်တွေ သွားလာမရဘဲ အခက်ကြုံနေရတယ်လို့ သိရပါတယ်။