ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများပိုမိုပြင်းထန်လာသဖြင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ၎င်းတို့၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်း
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေပိုမိုပြင်းထန်လာတာ၊ အရပ်သားတွေကိုထိခိုက်စေတဲ့အကြမ်းဖက် မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေလုပ်ဆောင်ဖို့ ကန့်သတ်ချက်များစွာရှိနေတာကြောင့် ရသေ့ တောင်၊ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာရှိတဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ကြောင်း ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။